ရှင်ယောဟန်/ဩဝါဒစာ တတိယစောင်
နှုတ်ခွန်းဆက်/စကား
1
အသက်ကြီးသူ/ဖြစ်သော ကျွန်ုပ်/ယောဟန်/သည် ကျွန်ုပ်/အမှန်တကယ်/ချစ်ခင်ရသည့် ဂါယု/ထံသို့ စာရေးလိုက်ပါ၏။2 ချစ်ခင်ရသောသူ… သင်/သည် စိတ်/၏/ချမ်းသာခြင်း/ရှိ/သကဲ့သို့ ကိုယ်/၏/ကျန်းမာခြင်း/နှင့် ပြည့်စုံ/၍ အရာရာ/၌ ကြီးပွားတိုးတက်/ပါစေကြောင်း ကျွန်ုပ်/ဆုတောင်း၏။ 3 သင်/သည် သမ္မာတရား/၌ ကျင်လည်နေသည့်/အတိုင်း ယုံကြည်သူ/တချို့/သည် လာ/၍ သမ္မာတရား/အပေါ် သင်/သစ္စာရှိသည့်/အကြောင်း သက်သေခံကြ/သောအခါ ကျွန်ုပ်/အလွန်/ဝမ်းမြောက်၏။ 4 ကျွန်ုပ်/၏/သားသမီးများ သမ္မာတရား/၌ ကျင်လည်နေကြောင်း ကြားသိ/၍ ဝမ်းမြောက်ရခြင်း/ထက် သာ/၍ ဝမ်းမြောက်ရခြင်း ကျွန်ုပ်/၌/မရှိပေ။
ဂါယု/ကို ချီးကျူးခြင်း
5 ချစ်ခင်ရသောသူ… သင်/သည် သူစိမ်း/ဧည့်သည်/ယုံကြည်သူများ/အပေါ်/၌ပင် သင်/ပြုရမည့်/ဝတ်တို့/ကို သစ္စာရှိ/စွာ ပြုတတ်၏။ 6 ထို/သူတို့/သည် သင်/၏/ချစ်ခြင်းမေတ္တာ/အကြောင်း/ကို အသင်းတော်/ရှေ့၌ သက်သေခံကြ၏။ သင်/သည် ထို/သူတို့/ကို ဘုရားသခင်/၏ အလိုတော်/နှင့်အညီ ခရီးဆက်/နိုင်ကြ/စေရန် ကူညီ/လျှင် ကောင်းမှုပြုခြင်း ဖြစ်/လိမ့်မည်။ 7 အဘယ်ကြောင့်ဆိုသော် ထို/သူတို့/သည် ဘုရားသခင်/ကို မကိုးကွယ်သော/သူတို့/ထံမှ မည်သည့်/အကူအညီ/ကိုမျှ မယူဘဲ သခင်ဘုရား/၏/နာမတော်/အတွက် ခရီးပြုကြ/သောကြောင့်/ဖြစ်၏။ 8 ထို့ကြောင့် ကျွန်ုပ်တို့/သည် သမ္မာတရား/အတွက် ထို/သူတို့/၏ လုပ်ဖော်ကိုင်ဖက်/ဖြစ်/နိုင်ရန် ထိုသို့သော/သူများ/ကို ကူညီထောက်ပံ့/သင့်၏။
ဒယောတရပ်/၏ ဆိုးညစ်ခြင်း
9 ဤ/အကြောင်းအရာ/ကို ကျွန်ုပ်/သည် အသင်းတော်/ထံသို့ စာရေးခဲ့/သော်လည်း ခေါင်းဆောင်/ဖြစ်လိုသော ဒယောတရပ်/သည် ကျွန်ုပ်တို့/ကို လက်မခံခဲ့ပေ။ 10 ထို့ကြောင့် ကျွန်ုပ်/ရောက်လာ/သောအခါ သူ/ပြုသော/အမှုတို့/ကို ထုတ်ဖော်/ပြောဆိုမည်။ သူ/သည် ကျွန်ုပ်တို့/အကြောင်း/ကို ဆိုးညစ်သော/စကားများ/နှင့် မဟုတ်တမ်းတရမ်း/ပြောဆို၏။ ဤမျှ/နှင့် မကျေနပ်ဘဲ သူ/ကိုယ်တိုင်/ပင်လျှင် ယုံကြည်သူတို့/ကို လက်မခံ၊ လက်ခံလိုသောသူတို့/ကိုလည်း တားမြစ်/၍ အသင်းတော်/မှ နှင်ထုတ်တတ်၏။
11 ချစ်ခင်ရသောသူ… မကောင်းမှု/ကို အတု/မယူဘဲ ကောင်းမှု/ကိုသာ အတုယူလော့။ ကောင်းမှု/ကို ပြုသောသူ/သည် ဘုရားသခင်/၏/သားသမီး ဖြစ်၏။ မကောင်းမှု/ကို ပြုသောသူ/သည် ဘုရားသခင်/ကို မမြင်ဖူး။ 12 ဒေမေတရိ/၏ ကောင်းကြောင်း/ကို လူတိုင်း/သာမက သမ္မာတရား/ကိုယ်တိုင်/က သက်သေခံ၏။ ကျွန်ုပ်တို့/သည်လည်း သက်သေခံကြ၏။ ကျွန်ုပ်တို့/၏ သက်သေခံချက် မှန်ကန်ကြောင်း သင်/သိ၏။
နိဂုံး
13 ကျွန်ုပ်/သည် သင့်/ထံ ရေးစရာ/များစွာ ရှိ/သော်လည်း မင်/နှင့် မင်တံ/ဖြင့် မရေးလို။ 14 ထို/အစား သင်/နှင့် မကြာမီ/တွေ့/၍ မျက်နှာချင်းဆိုင် စကားပြော/နိုင်ရန် ကျွန်ုပ်/မျှော်လင့်ထား၏။ 15 သင့်/အပေါ် ငြိမ်းချမ်းခြင်း/သက်ရောက်ပါစေသော။ ဤ/အရပ်/၌ ရှိသော မိတ်ဆွေများ/သည် သင့်/ကို နှုတ်ဆက်လိုက်ကြ၏။ ထို/အရပ်/ရှိ မိတ်ဆွေများ/ကိုလည်း တစ်ဦးချင်း/အမည်/နှင့်တကွ နှုတ်ဆက်ပေးလော့။
ရှင်ယောဟန်/ဩဝါဒစာ/တတိယစောင် ပြီးပါပြီ။